စဉ့်ကိုင် ဩဂုတ် ၁၇
ရာသီဉတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါအားလျော်စွာ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မုန်တိုင်းများ၊ ဆိုင်ကလုန်းများနှင့် မိုးခေါင်မှုများ ဖြစ်ပေါ်လျက်ရှိရာ သဘာဝဘေးကျရောက်လာပါက သိရှိလိုက်နာရမည့် အသိပညာပေးအကြောင်းအရာများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် သဘာဝဘေးဆိုသည်မှာ လူသားတို့၏ အားထုတ်မှုကြောင့် မဟုတ်ပဲ သဘာဝတရားကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များဖြစ်ရာ၊ သဘာဝဘေးအန္တရာယ် ကြိုတင် သိရှိရန်အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ရန်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကိုသဘောပေါက် လွယ်စေသည့် အရောင်ဖြင့် သတိပေးစနစ်များပါရှိသည့် အချက်များ၊ ပူပြင်းခြောက်သွေ့သောရာသီများတွင် မီးလောင်ခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အတွက် ပြည်သူများ သတိထားပြီး ကာကွယ်ခြင်းများကို ပြသထားခြင်း၊ သဘာဝဘေးတွေ့ကြုံလာရပါက တုံ့ပြန်ကာကွယ်ရမည့် နည်းလမ်းများကို ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော့မူယာမောင်