တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကြိမ်ခြင်းရက်လုပ်နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌ ကြိမ်ခြင်းရက်လုပ်နည်း (အခမဲ့)သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။