ကြံခင်း ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ အသိဉာဏ်ပညာ ဗဟုသုတနှင့်ပြည့်စုံသော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲ စတင်ကျင်းပရာ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှ (G-9) ကျောင်းသား/ကျောင်းသူ (၂၀) ဦးတို့က “ကျွန်ုပ်တို့၏ ယုံကြည်ချက်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရှိ ဒေါ်ခင်မိုးမြင့်နှင့် (Book Club) အဖွဲ့ဝင်များက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)