ဇေယျာသီရိ ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ လူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဇေယျာသီရိမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်နှင့် ဗလငါးတန်ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြိုနယ် စာအုပ်စာ စောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာ စိန်ဝင်းနွယ်က "လူငယ်နှင့် ဂိမ်းစွဲလမ်းမှုပြဿနာ"၊ စာရေးဆရာ ရဲမွန်ကျော်က “နောက်တစ်ချက်ထပ်ရိုက်ပေးပါ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)