မင်္ဂလာဒုံမြို့နယ် အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသ၍ ငှားရမ်းပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁၀) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စာရေးဆရာအသင်းမှ ဆရာမတို့က လူငယ်များ လိမ္မာယဉ်ကျေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်များခင်းကျင်းပြသပြီး ငှားရမ်းပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဉီးစွာ ဟောပြောပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ ဆရာမကြည်သာရီက လူငယ်များအနေဖြင့် မိဘဆရာများ ဆုံးမမှုတို့ကို လိုက်နာတတ်စေရန်နှင့် လိမ္မာယဉ်ကျေးသည့် လူငယ်များဖြစ်လာစေရန် ၃၈ ဖြာမင်္ဂလာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ထို့နောက် ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် စာအုပ်များကို စိတ်ပါဝင်စားလာအောင် ခင်းကျင်းပြသခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသကြသည်။

 ထို့သို ပြသထားသည့်များကို ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဉီးတို့က ဖတ်ရှုလေ့လာခဲ့ကြ​ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကိုလည်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )