ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ (၁)နာရီအချိန်က ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန် ၂၃ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ပြည်ခရိုင်‌ (ဇီးအုပ်)တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ (ဇီးအုပ်) တောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ပြည်ခရိုင်နှင့်နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားတောင်သူ(၄၀)ဦး တက်ရောက်ကြသည်။

ဟင်္သာတခရိုင် (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန၌  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာ​စောင်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊လသာမြို့နယ် ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(Community center) ခန်းမတွင် ယမန်နေ့နံနက်(၁၁း၀၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲ၊ ပြိုင်ပွဲများနှင့်ဆုပေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

အညာဒေသ၏ ပြယုဂ်သဖွယ်တည်ရှိနေသည့် ထန်းတောများ

ထန်းပင်သည် အပူပိုင်းဒေသတွင်သာအများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင်အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်   ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းများတွင်တွေ့နိုင်သည်။ထန်းပင်ဟုပြောလိုက်ပါက လူတိုင်းသိကြသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က လပွတ္တာမြို့ (၇)ရပ်ကွက်ရှိ သိကြားဘုရားလမ်းတွင် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြပွဲ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် လက်အောက်ခံမြို့နယ်ရုံးများရှိဝန်ထမ်းများ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်တို့ရည်ရွယ်ပြီး ရုံးစာရေးသားနည်းသင်တန်းကို ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြီး ဇွန် ၁၈ ရက်နေ့အထိ အဆိုပါရုံးတွင် (၂) ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ​အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ