ဗဟန်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး ဗဟန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဟောပြောပွဲကျင်းပခြင်းရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်မီးသတ်ခေတ္တဦးစီးမှူး ဦးမိုးကျော်ဦးက မီးဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ၊ သဘာဝဘေးအန္တရာယ် အမျိုးအစားများအကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် သတိရှိရှိနှင့်မီးဘေးအန္တရာယ် မကျရောက်စေရေး သတိထားရမည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကမာရွတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းစိုး(ခရိုင်ပြန်ဆက်)