ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ကျိုင်းတုံမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)အဖွဲ့များ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိစေရန်၊ အနာဂတ်သားကောင်းရတနာများ ထူးချွန်ထက်မြက်သည့် လူငယ်များ အသိပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိသည့် ဗလငါးတန်ဖွံ့ဖြိုးနိုင်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွှဲ ၁:၀၀ နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်စိုင်းအုပ်စု၊ ကတ်ဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.ကခွဲ)၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းဆမ်တစ်၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကာလိမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာအလယ်တန်း တာကော်ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရယ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်သည်။

မန့်ဟီးရိုးမြို့တွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသ

ဒေသခံပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီး တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကို သိရှိနားလည်စေရန်နှင့် အိမ်တွင်းအကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများ ဉပဒေအရ သတ်မှတ်ထားသော ပြစ်ဒဏ်တို့ကို သိရှိနားလည်လေးစားလိုက်နာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက် (၉:၃၀)အချိန်က အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကာကွယ်တားဆီးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ ဆောင်ရွက်ခဲ့ပါသည်။

ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အ.မ.က (နောင်ပိန်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပင်လောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပင်ခွန်ကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က  ပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ရုံးခန်းတွင် Youth Club စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကောင်းစံသာ (ရေကြည်) ရေးသားသော”လူငယ်တွေဖတ်ဖို့ ဘဝအတွက်အတွေးအမြင်များနှင့်စိတ်ဓာတ်ခွန်အားဖြည့်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ