ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ယမန်နေ့နေ့လယ် ၂ နာရီ၌ အ.မ.က ဓညဝတီ(က)ကျောင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ငပလီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ မြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) လင်းသာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနတွင် ရုပ်ပုံပြပုံ‌‌ပြောပြိုင်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂ ) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ရုံးတွင်းဝန်ထမ်းများနှင့် ဝန်ထမ်းကျင့်ဝတ်စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျိုင်းလွန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင်  စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာအသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်နှင့် မြန်မာ့ရိုးရာဓလေ့စကားပုံများ သိရှိစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လစဉ် လတိုင်း စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၇)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ဒေသခံစာဖတ်ဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre – Lashio)တွင် မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

မိုင်းပန်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံကျောင်းသား/သူများအား လူကုန်ကူးခံရမှုအန္တရာယ်များမှ သိရှိနားလည် ရှောင်ရှားနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာမူလတန်းကျောင်း(ကုန်းကျိုင်း)၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ