မိုင်းပန် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ရုံးတွင်းဝန်ထမ်းများနှင့် ဝန်ထမ်းကျင့်ဝတ်စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ရုံးတွင်းဝန်ထမ်းများ နည်းလမ်းမှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကိုသိရှိစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းကျင့်ဝတ်စာအုပ်၏ ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ၊ ဝန်ထမ်းစည်းကမ်းများ၊ ဌာနဆိုင်ရာအရေးယူခြင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)