ငပလီ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ မြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က(ခွဲ) လင်းသာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငပလီမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂျိတ္တောမြို့နယ်ရဲစခန်းမှ ဒုရဲမှူး-ထွန်းနိုင်ဦးမှ လူငယ်နှင့်မူးယစ်ဆေးခါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုရဲမှူးဉာဏ်မင်းကိုကိုက ယာဥ်စည်းကမ်း လမ်းစည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။
အဆိုပါအခမ်းအနားသို့ အထက (ခွဲ)လင်းသာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇေယျာမြင့်ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား လေ့လာခဲ့ကြကြောင်းသိရသည်။
ငပလီ(ပြန်/ဆက်)