မိုင်းပန် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံကျောင်းသား/သူများအား လူကုန်ကူးခံရမှုအန္တရာယ်များမှ သိရှိနားလည် ရှောင်ရှားနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာမူလတန်းကျောင်း(ကုန်းကျိုင်း)၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က လူကုန်ကူးခံရမှုနှင့်ပတ်သက်၍ သိရှိရမည့် အခြေအနေများ၊ လူကုန်ကူးသူများ၏ အခြေအနေနှင့် အနေအထားများ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ဥပဒေဆိုင်ရာပြစ်မှု/ဒဏ်များနှင့်ပတ်သက်၍ ကျောင်းသား/သူများ သိရှိနားလည်သဘောပေါက်စေရေးအတွက် ကျောင်းသား/သူများအား ရှင်းလင်းဟောပြောခဲ့ပြီး တိုင်းရင်းသားပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)