လွိုင်လင်ခရိုင်ရုံး Community Centre ခန်းမတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ကျန်းမာရေးအသိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ပေးခဲ့ပါသည်။