မန်ကန် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှား အမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် “လူ့ဘဝတိုးတက်ရာတိုးတက်ကြောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခိုင်ငြိမ်းသင်း(တာဝန်ခံ)က “ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာပေဗဟုသုတများရရှိစေရန်၊ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် အချင်းချင်းစာပေမှရရှိသော အသိပညာ၊ ဗဟုသုတများ မျှဝေတတ်စေရန်၊ စာဖတ်ဝိုင်းများ၊ နှီနှောဖလှယ်ပွဲများ၊ စာပေဝေဖန်သုံးသပ်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် အောင်မြင်မှုရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်ပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများမှ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသီးသီး ဆွေးနွေးကြသည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အဖွဲ့ဝင် (၁၀)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ငြိမ်းသင်း(ပြန်/ဆက်)