တာချီလိတ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသူများ ဦးနှောက်စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းသည့် အတွေးအခေါ်များ ပေါက်ဖွားလာစေမည်ဖြစ်ကြောင်းနှင့် ပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်(Youth Club) စာပေချစ်မြတ်နိုးသူများ လူငယ်စာဖတ်အသင်းမှ မောင်ရဲရင့်နောင်က “သိုက်မြုံမှခွာသောအခါ”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်အောင်မင်းခန့်မှ “မကြည်လင်တဲ့စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့”ခေါင်းစဥ်ပါရှိသည့် “လူတစ်ဦးတစ်ယောက်ရဲ့ ခံယူချက်အပေါ်မှာ နာရီပေါင်းများစွာ၊ နေ့ပေါင်းများစွာ ရက်သတ္တပတ်ပေါင်းများစွာ လွှမ်းမိုးထားတဲ့ စိတ်ခံစားမှုများကို စိတ်နေစိတ်ထားဟူခေါ်ဆိုသည်”ဟူသော အကြောင်းအရာများကိုလည်းကောင်း၊ မယွန်းပြည့်ဇော်က "လူတန်းစားအလွှာ မခြားနားစေရာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနဝန်ထမ်းများက "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" " အချိန်အခါကိုသိပါ" စသည့်ခေါင်းစဥ်များအပြင် Youth Club အသင်းဝင်များနှင့် ၎င်းစာအုပ်ပါအကြောင်းအရာများအား အသီးသီး အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်