မြောက်ဦး အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲ ကြည့်ရှုလာသူ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ် သမားများ တိုက်ဖျက်ပေးရန် အလုပ်ရှင်အဖွဲ့အစည်းများ၏ အကြောင်းပြချက်များ၊ မြန်မာနိုင်ငံတွင် ပြဌာန်းထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဥပဒေစည်းမျဉ်း၊ စည်းကမ်းချက်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ကာကွယ်ပေးရမည့် ဥပဒေများရှိကြောင်း၊ အသက်မပြည့်သည့် ကလေးသူငယ်များအား အတင်းခိုင်းစေသည့် ကလေးလုပ် သားပုံရိပ်များ စသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)