လွိုင်လင်ခရိုင်ရုံး Community Centre ခန်းမတွင် ကျန်းမာ‌ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

လွိုင်လင် အောက်တိုဘာ ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ကျန်းမာရေးအသိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ပြုလုပ်ပေးခဲ့ပါသည်။

‌အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက အမျိုးသမီးများနှင့် သားအိမ်ခေါင်းကင်ဆာအန္တရာယ်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး Youth Club အသင်းဝင် ‌‌ဒေါ်မိုင်ဆုမြတ်က ရင်သားကင်ဆာလက္ခဏာများအကြောင်းကို ပောာပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ရပ်ကွက်(၄)ခုမှ လူငယ် ၃၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)