နမ့်ခမ်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

နမ့်ခမ်း  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်(၁ဝး၀၀)နာရီတွင် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ပါကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စသည့်တို့ကို ရည်ရွယ်၍ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း/စာစောင်များဖြင့် အပတ်စဉ် ပုံမှန်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)