ကျိုင်းတုံ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ ညနေ ၄ နာရီက အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူ ဦးစည်သူထွန်းလင်းတို့က လူငယ်လူရွယ်များအနေဖြင့် အားလပ်ချိန်များတွင် အခြေခံပညာကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက် သုတ၊ ရသ စာပေများ ဖတ်ရှုလေ့လာကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျးဇူများနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အွန်လိုင်းမီဒီယာများမှ သတင်းတု၊ သတင်းမှားများကို သတိပြုနိုင်ရေးနှင့် သတင်းအမှား၊ အမှန်ကို ခွဲခြားသိမြင်တတ်ရန် စသည့်အကြောင်းအရာများကို အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (ကျိုင်းတုံ)မှ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)