ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်ပြဘုတ်တွင် “မူးယစ်အန္တရာယ်လက်တွဲကာကွယ်” အသိပညာပေး နံရံကပ်စာစောင်များပြသထား

ကမမောင်း အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေး နံရံကပ်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် “မူးယစ်အန္တရာယ်လက်တွဲ ကာကွယ်” အသိပညာပေး စာစောင်များ ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးအတွက် မူးယစ်ဆေးဝါး သုံးစွဲလျှင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိတတ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊ မြန်မာနိုင်ငံနှင့်စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်များအကြောင်းကို ပြည်သူများသိရှိစေရန် စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသိပညာပေးစာစောင်များ၊ အလုပ်အကိုင်ခေါ်ယူမှုများကို အဆိုပါအသိပညာပေး နံရံကပ်ဘုတ်တွင် စဉ်ဆက်မပြတ် ပြသလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)