ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍

သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးတို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ Book Club (စာပေချစ်မြတ်နိုးသူများအသင်း)မှ စာပေမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Book Club (စာပေချစ်မြတ်နိုးသူများအသင်း) ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး MobileLibrary စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ နေလည် (၁) နာရီအချိန်က ရွာမကျေးရွာသို့သွားရောက်ကာ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ် (Mini Museum)သို့ လူငယ်၊ လူရွယ်များ လာရောက်လေ့လာကြည့်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းရင်းသားရိုးရာဓလေ့၊ ယဉ်ကျေးမှုများအား အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum)ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum)သို့  လူငယ်လူရွယ်များ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ အသိပညာနှင့်နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပြိုင်ပွဲ၊ လူငယ်ရေးရာ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာ​ရေးဆရာမ​ဒေါက်တာမတင်ဝင်း​​ရေးသားသည့် လှပချင်ရင်ရုပ်ကိုလည်းပြင် စိတ်ကိုလည်း ပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်းကျေးရွာတွင် ဧပြီလ (၂၁) ရက်နေ့နံနက်ပိုင်းက နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၄) လုံးမီးသင့်ပြီး အိမ်ထောင်စု (၅) စု မီးဘေးသင့်ခဲ့သော မိသားစုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းထိုက် နှင့် အဖွဲ့ဝင်များ၊
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ