ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မချမ်းဘော လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မန်ကန်မြို့နယ်တွင် အမျိုးသမီးများအဖွဲ့ (Woman Club)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အမျိုးသမီးများအဖွဲ့ (Woman Club) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာ(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

သီပေါမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီက ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show )ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းဆွေနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ကျောက်တော်မြို့၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကိုယနေ့ နံနက်  ၁၀ နာရီအချိန်က အဆိုပါခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် အ‌ခြေခံပညာ အောင်စာရင်းများထုတ်ပြန်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာရေးဦးစီးဌာနမှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် အောင်စာရင်း ထုတ်ပြန်ချက်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ခဲ့သည်။

ကျိုက်ထိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်းပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့စံနိုင်ရပ်ကွက်၊ ဘောဂနာပိုင်းသို့ သွားရောက်ကာ(အခမဲ့)စာအုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ်အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရေးအတွက် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုခန်းမ၌ ပြလုပ်သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ