ဘားအံ ဧပြီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေး၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးတို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ (Talk Show) တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကလေးအလုပ်သမားဟု သတ်မှတ်ထားသည့်အသက်အရွယ်၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါရှိသည့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်သည့် ပုဒ်မများအကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ကရင်ပြည်နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ကလေးအလုပ်သမားပပျောက်ရေးသည် တစ်ဦးတစ်ယောက်ထဲဆောင်ရွက်၍ မရနိုင်သည့်အတွက် ကလေးအလုပ်သမားပပျောက်ရေးသည် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားအဆင့်၊ တိုင်း/ပြည်နယ်အဆင့် ၊ ခရိုင်/မြို့နယ်အဆင့် ကော်မတီများတွင် ပါဝင်သည့် ဌာနဆိုင်ရာများ၊ မိသားစုများ၊ မိဘပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ကလေးအလုပ်သမား တဖြည်းဖြည်းလျော့နည်းလာပြီး ပပျောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)