သိန္နီမြို့၌ အမျိုးသမီးအသင်း(Women Club )အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ဝါသနာတူကလပ်အသင်းများဖြစ်သည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ လူငယ်အသင်း(Youth Club)များ ဖွဲ့စည်း၍ ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ Women Club အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။