ကွတ်ခိုင်မြို့နယ် အ.ထ.က(မြို့မ)ကျောင်းတွင် သဘာဝဘေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က၊ အ.ထ.က(မြို့မ)ကျောင်း၊ ပြည့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။