မုံးကိုး ဇွန် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ဖွံ့ဖြိုးသင်တန်းများမှ စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကိုယ်စား)ဒေါ် လွေးအမ်ဆေး (ရုပ်/သံ-၃) က လူငယ်များနှင့် အမျိုးသမီး များ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး အတတ်ပညာတစ်ခုအနေဖြင့် စက်ချုပ်သင်တန်းကို မတ်လ(၉)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ၃ လကျော် ကာလတွင် သင်တန်းသားများ ကြိုးစားသင်ယူခဲ့ကြောင်းကိုတွေ့ရ၍ ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်သန်းသန်းနွယ်က သင်တန်းသားများ၏ ဇွဲ၊ လုံးးလဖြင့် ကြိုးစားသင်ယူခဲ့ကြောင်း၊ အခြေခံအဆင့်မှ အဆင့်ဆင့် သင်ကြားပေးခဲ့ရာ ကြိုးစားသင်ယူခဲ့ကြောင်း ပြောကြားပြီးနောက် သင်တန်းဆင်းပွဲတွင် သင်တန်းသား/သင်တန်းသူ (၆)ဦးနှင့် ရပ်မိရပ်ဖများ တက်ရောက် ကြကြောင်း သိရသည်။ သင်တန်းကာလမှာ သင်ယူတတ်မြောက်ခဲ့သော အတတ်ပညာများကို လာရောက်သော ရပ်မိရပ်ဖဒေသခံများ၊ မိသာစုများအား ပြသခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)