မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်၍ ခြံစည်းရိုးအုတ်နံရံပြိုကျမှုကြောင့် နေအိမ်ဖိမိ ပြိုကျပျက်စီး အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်မှုကြောင့် ကန်ဖျားရပ်ကွက်ရှိ ကေသာလာရာမသီလရှင်စာသင်တိုက် ခြံစည်းရိုး အုတ်နံရံအမြင့်(၇)ပေ အရှည်(၈၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်ဖိမိ ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နေ့လယ်ပိုင်း၌ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ်ကြသည်။