ကရသူရိ မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ စိတ်ရွှင်လန်း၍ ပျော်ရွှင်စေရေး ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲကို မတ်လ ၁၈ ရက် နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ၏ ဦးနှောက်နှင့် ဉာဏ်ရည်/ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာသန်စွမ်းရေး၊ ပျော်ရွှင်ရေးတို့တွင် ၎င်းတို့အကြိုက် ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ကျွမ်းကျင် (၃) (ရုပ်သံ) က အမှတ်ပေး စည်းကမ်းများနှင့်အညီ ဆုရွေးချယ်၍ မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)