ကရသူရိမြို့ကျောင်းသား၊ ကျောင်းသူ(၇)ဦးသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာရပ်အားဖြေဆို

ကရသူရိ မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၇)ဦးသည်၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးနှင့်အတူ  နောက်ဆုံးဘာသာရပ်ဖြစ်သည့် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်အား ဘုတ်ပြင်းမြို့ စာစစ်ဌာန၌ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ တစ်ပြိုင်နက်တည်း စာစစ်ဌာနများ၌ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဘာသာရပ် အားလုံးဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးဘာသာရပ်ဖြစ်သည့် ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ဘုတ်ပြင်းမြို့ စာစစ်ဌာန၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)