ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ  စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)  စည်ကားသိုက်မြိုက်စွာကျင်းပ

ကော့သောင်း  ဒီဇင်ဘာ  ၂၈

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကို ယနေ့နံနက် ၅ နာရီခွဲခန့်က ကော့သောင်း မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ နောက်ဆုံးပတ်ကို  ခရိုင်စီမံအုပ်‌ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစီးသော  ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိအဖွဲ့တို့က မဥ္ဇူသကခန်းမရှေ့မှ စတင်တာလွှတ်၍ဖွင့်လှစ်ပေးပြီး စစ်ဗျူဟာအဖွဲအခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင် (၂၄၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ စုပေါင်းလမ်း လျှောက်ပွဲအပြီးတွင်  ကော့သောင်းမြို့၊  လွတ်လပ်ရေးကျောက်တိုင်အားကစားကွင်းတွင်  ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့် ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)