တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကျောင်းသား/သူများအနေဖြင့် မီးဘေးအန္တရာယ်များကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့်လွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းများမှ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း၌ သတင်းရေးသားပေးပို့နည်းသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်း(၄)ဦးတို့အား သတင်းလုပ်ငန်းကို တတ်ကျွမ်းနားလည်ပြီး ရေးသားပေးပို့တတ်စေရန် ရည်ရွယ်၍ သတင်းရေးသားပေးပို့နည်း သင်တန်းကို စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ဇန်နဝါရီ (၁၅) ရက် နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့သည်။

ထားဝယ်မြို့တွင် ဥပဒေစာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ဥပဒေစာတမ်းဖတ်ပွဲအခမ်းအနားနှင့် နှစ်သစ်လက်ဆောင်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့၌ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်း သဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်းသဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ငါးလုပ်ငန်းဦးစီးဌာနနှင့် Fauna & Flora - Myanmar တို့ ပူးပေါင်း၍ Green Eye ဟိုတယ်အစည်းအဝေး ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

တနင်္သာရီမြို့နယ်၊ အ.မ.က-အောက်ကင်းအရှေ့ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်းအရှေ့ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၎င်းကျောင်းခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး