တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၁) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင် ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ဇော်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်လေဆိပ်တွင်လေကြောင်းဖြင့် ခရီးသွားလျက်ရှိသော ခရီးသွားလုပ်သား ပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ (KG) ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီအချိန်က ပုလောမြို့နယ်၊ အခြေခံပညာကျောင်း (၁၃) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများ (၆၀၉) ဦးအား ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ အမှတ်(၄) ရပ်ကွက်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ ( ဝါးဇွမ်းအုပ်) ကျောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အ.လ.က ( ခွဲ)  ဝါးဇွမ်းအုပ်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီမြို့၊ အ-မ-က-အောက်ကင်းအရှေ့ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်ကင်းအရှေ့ရွာ-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြင့်တက်စေရေးဟောပြောခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ၊ အကာအကွယ်ပေးထားသည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အ.ထ.က(၃)မြိတ် ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ၌ ရော်ဘာပြားဈေး ပထမရာသီနားချိန်တွင် တစ်ပေါင် ၂၉၀၀ ကျပ်ဈေးအထိ ဈေးကောင်းရရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာအစေးလှီးသည့်လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ ရော်ဘာဈေးမှာ ပထမရာသီနားပြီးချိန်တွင် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်အထိ ရရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး