ထားဝယ် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ဇော်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်လေဆိပ်တွင်လေကြောင်းဖြင့် ခရီးသွားလျက်ရှိသော ခရီးသွားလုပ်သား ပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လေယာဉ်ဆိုက်ရောက်/ထွက်ခွာမှု အခြေအနေများ၊ ခရီးသည်နားနေဆောင်များ၊ ရောက်ရှိထွက်ခွာနေရာများ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ဝဲယာ မြက်ပင်ခြုံနွယ်များ ပုံမှန်ရှင်းလင်းထားရှိမှု အခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/မရှိ အခြေအနေများ၊ လေယာဉ်ပြေးလမ်း မီးအခြေအနေများ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေး စက်များ၊ လေကြောင်း ထိန်းစနစ်များကောင်းမွန်မှု ရှိ/မရှိ အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လေဆိပ်ဝန်ထမ်းများအားတွေ့ဆုံပြီး ခရီသည်များအား ဝန်ဆောင်မှုကောင်းမွန်စွာ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မီဘေးလုံခြုံဆိုင်ရာကိစ္စရပ်များကို အလေးထား၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားပြီးအခြေခံ စားသောက်ကုန်ဆန်နှင့်ကြက်ဥများပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)