တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့ အ.ထ.က-ဘုတ်ပြင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသားကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုယမန်နေ့က  အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၁)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေး စား‌သောက်ဖွယ်ရာများ ကျွေးမွေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာသန်စွမ်းရေးအတွက် အဟာရပြည့်ဝသော စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီက ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က-ဘုတ်ပြင်းကျောင်း၌ KG ကျောင်းသား/ သူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က အာဟာရကျွေးမွေးခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် (KG) ကျောင်းသား/ သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် (KG)တန်း ကျောင်းသား/ သူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီ ခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ လေ့ကျင့်ရေး အလယ်တန်းကျောင်း၌ ကျင်းပသည်။

ကျွန်းစုမြို့၌ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က (ခွဲ) ကတန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်တွင် ခရုကမာသားဖောက်မွေးမြူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားကမာ သားဖောက်မွေးမြူရေး သင်တန်းဆင်းပွဲ ကျင်းပ

မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ဆောင်ရွက်လျက်ရှိသော ဒေသအကျိုးပြုအသုံးချသုတေသနဖြစ်သည့် ခရုကမာသားဖောက်မွေးမြူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စားကမာ သားဖောက်မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့က မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားခန်းမ၌ ကျင်းပသည်။

ပုလောမြို့ အ.ထ.က(၁) ကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းကြို သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး