တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချမ်းဖန်း-ဟတ်စခင်း-အော်ကြီးလမ်းကွန်ကရစ်လမ်း (၀/၅)မိုင်ခင်းခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်း ၊ အလယ်တန်း၊ မူလတန်းအဆင့်  စာစီစာကုံး၊ ပန်းချီ၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌ ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကရသူရိမြို့၊ ပြည်သူ့ဆေးရုံ၌ ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizerထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌   ပြည်သူများအား (၇)ကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဌာနပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးလိုက်လံ နှိုးဆော်မှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန  မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက တစ်မြို့နယ်လုံးမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်မှုတစ်စုံတစ်ရာ မဖြစ်ပွားစေရေးအတွက် ယမန်နေ့ညနေ ၆ နာရီမှစ၍ မြို့တွင်းလမ်းများအတိုင်း ကြိုတင်သတိပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးကြသည်။

ကရသူရိမြို့၌(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Polytechnic University တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ Polytechnic University ၌ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး