တနင်္သာရီတိုင်းဒေသကြီး

ပုလောမြို့နယ်၌ ယူရီယားဓာတ်မြေဩဇာအိတ် (၁၆၀) ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ နွေစပါးနှင့် ဆောင်းသီနှံစိုက်ပျိုးသူတောင်သူများအား ယူရီယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အ.ထ.ကသရက်ချောင်း (ပညာရတနာခန်းမ)၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနားယူ အစားထိုးခြင်းဆိုင်ရာ အစည်းအဝေး အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဘုတ်ပြင်းမြို့နယ်သံဃာ့နာယကအဖွဲ့ အဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ယမန်နေ့ မွန်းလွဲပိုင်းက အခမ်းအနား အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား/ သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ နံရံကပ်စာ‌စောင် ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေပြည်စိုးကျေးရွာရှိ အ.လ.က(ခွဲ) (၇)မိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယ‌နေ့ မွန်းလွဲပိုင်းက ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌  လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်နှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား စာပေဗဟုသုတ ပိုမိုလေ့လာကြစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က  စကားလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲ၊ စကားတိုးပြိုင်ပွဲများ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး