ပုလော ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ နွေစပါးနှင့် ဆောင်းသီနှံစိုက်ပျိုးသူတောင်သူများအား ယူရီယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၁၀) နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးဝင်းက ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာ အိတ် (၁၆၀) ကို ပုလောမြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသူတောင်သူများထံသို့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)