တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံး( ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် စတုတ္ထအကြိမ် ဗုဒ္ဓပူဇနိယပွဲအကြို ထမနဲထိုးပြိုင်ပွဲ စည်ကားစွာ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် တည်ထားပူဇော်သော ငြိမ်းအေးချမ်းသာရန်ပြေမာန်အောင်စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲအကြို ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းက မြို့‌ပေါ်အမှတ် ၃ ရပ်ကွက်ရှိ အေးငြိမ်းသုခဓမ္မရိပ်သာကျောင်းတိုက်၌ စည်ကားစွာ ကျင်းပခဲ့သည်။

ကော့သောင်းမြို့၌ KG ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၈)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို  က‌ဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ခြင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို က‌ဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေး အပ်ခြင်းကို ယနေ့ နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌အခြေခံပညာကျောင်းများသို့သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ပုလောမြို့နယ် Community Centre ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို)အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားအမျိုးအစားအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားခန်းမ၌ ကျင်းပသည်။

အ.မ.က-အောက်ကင်းအရှေ့ရှိ ကျောင်းသား/သူများအား (တတိယ)အကြိမ်၊ အာဟာရများ ထပ်ဆောင်းကျွေးမွေးခြင်း ဆောင်ရွက်

ကျောင်းနေအရွယ်ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု အောက်ကင်းအရှေ့ရွာ အခြေခံပညာမူလတန်းကျောင်းရှိ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသူ/သား (၉၃)ဦး တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်မိသားစုက ထပ်ဆောင်းပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က (တတိယ) အကြိမ်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အာဟာရများကို ကျေးမွေးပေးခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ် မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု‌‌နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ခမောက်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး