သရက်ချောင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၁၁

ကျောင်းသား/ သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပသည်။

ရှေးဦးစွာ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/ သူများအား  (၇‌‌၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး‌နောက် အသိပညာပေးဟောပြောရာတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်မှုရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ကြပုံ၊ ပြည်ထောင်စုနေ့သည် ပြည်သူတစ်ရပ်လုံးအတွက် ပျော်ရွှင်ရဆုံးသော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသား/ သူများကလည်း ထင်ကရနေ့ထူးနေ့မြတ်များကို ချစ်မြတ်နိုးတက်ရန် အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား/ သူများအား နေ့ထူးနေ့မြတ်များအကြောင်းနှင့် ပြည်ထောင်စုဖြစ်ပေါ်လာပုံသိကောင်းစရာ မေးခွန်းများဖြင့် မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈) နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း
စာစောင်များကို သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား /သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)