သရက်ချောင်းမြို့ပေါ်ရှိ မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း      ဖေဖော်ဝါရီ     ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦး‌ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန် ပြောကြားခဲ့ပြီးနောက် စက်သုံးဆီအရောင်းဆိုင်များမှ အ‌ရောင်းဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)