ဘုတ်ပြင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်သင်းက  သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များ၊ ပြည်သူများလိုက်နာသင့်သည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)