တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြိတ်မြို့နယ်အတွင်းရှိ ကုန်ထုတ်လမ်း၊ ကျေးရွာအဝင်လမ်းနှင့် မြို့အဝင်လမ်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း၊ ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းနှင့် မြို့အဝင်လမ်းကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို နိုဝင်ဘာ(၂၈)ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။