ကလိန်အောင်မြို့၌ ပြည်သူများမဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊ မပါအား သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ယူဆောင်ရွက်ကြသည်။