ကော့သောင်း ဇွန် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အမှတ်(၇၅) ယဉ်ထိန်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ကျောင်းသား၊သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၊ မဟော်ဂနီခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ် (၇၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ထင်ကျော်ဦးက ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ မော်တော်ယာဉ်များ စီးနင်းရာတွင် လိုက်နာရမည့်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေနှင့် စည်းမျဉ်း၊စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ အသိပညာပေးဗီဒီယို Clipsများ၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်များပြသ၍ အသိပညာပေးဟောပြောပြီး တပ်ဖွဲ့ဝင်များက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)