ထားဝယ်မြို့၊ ဇလွန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည်

ထားဝယ် ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ က ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ထားဝယ်မြို့၊ ဇလွန်းကျေးရွာချင်းဆက်လမ်း (ဝ/၆) မိုင် အရှည်အား (၂၄)ပေ အကျယ်၊ (၆”) ထုကျောက်ခင်းခြင်းနှင့် (၁၂')အကျယ် (၇”) ထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)