ထားဝယ် ဇွန် ၂၇
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မြန်မာအမျိုးသမီးများနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး ဒုတိယညွှန်ကြားရေးမှူးက Gender၊ CEDAw၊ NSPAw၊ UNSCR ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေအရာရှိက အမျိုးသမီးများနှင့် ဥပဒေရေးရာအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယင်မှုဆိုင်ရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးက မြန်မာ့သနပ်ခါးနှင့်ယဉ်ကျေးမှုဆိုင်ရာခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းသောအားဖြင့် မြန်မာ့သနပ်ခါးအား လိမ်းခြယ်ခဲ့ကြောင်း သတင်းရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)