ထားဝယ် ဇွန် ၂၈
၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့်စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ ထားဝယ်မြို့နယ်မှ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး နှင့် ငါးဘာသာ ဂုဏ်ထူးရှင်သုံးဦး ပေါ်ထွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာစစ်ဌာနများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၇၉၀ ၊ အောင်မြင်သူ ၃၈၃ ဦး၊ အောင်ချက် ရာခိုင်နှုန်းမှာ ၄၈.၄၈ ရာခိုင်နှုန်း ရှိကြောင်း သိရပြီးဂုဏ်ထူးရဦးရေမှာ( ၁ )ဘာသာ ၄၈ ဦး၊ (၂) ဘာသာ ၁၇ ဦး၊ (၃) ဘာသာ ၁၁ ဦး၊ (၄) ဘာသာ ၁ ဦး၊ (၅) ဘာသာ ၃ ဦး၊ (၆) ဘာသာ ၁ ဦးထွက်ရှိပြီးရိုးရိုးအောင်သူ ၃၀၂ ဦးရှိကြောင်းသိရသည်။
ငွေဇင်ယော်(ထားဝယ်)