မြိတ် ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်(၂၆)ရက် နံနက်ပိုင်းက မြိတ်မြို့ ဈေးတန်းရပ်ကွက်ရှိ အ.ထ.က(ခွဲ)အ.လ.က(၁)ကျောင်းတွင် ကျင်းပသည်။
အသိပညာပေး ဟောပြောရာတွင် မြိတ်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချို က သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ကျောင်းအုပ်ဆရာကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ရေချွေတာရေး နှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးပြောကြားပြီး တက်ရောက်လာ သူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်း လက်ကမ်းစာစောင်များကို ဝေငှပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့် မာတာကွတ် ပျိုးပင်များအား သရုပ်ပြစိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )