တနင်္သာရီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာမှုများအား စုစည်းဖော်ပြအပ်ပါသည် -

ပုလောမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၄၃.၇၁ ရှိ

ပုလောမြို့နယ်တွင် မြို့နယ်အတွင်း စာရင်းရှိ ကျောင်းသား/ကျောင်းသူ ဖြေဆိုသူ ၃၃၄ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၄၆ ဦးအောင်ချက်ရာခိုင်နှုန်း ၄၃.၇၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။  အောင်မြင်သူ ၁၄၆ ဦးအနက် ဘာသာဂုဏ်ထူး ဦး၊ ဘာသာဂုဏ်ထူ ဦး၊ ၂ ဘာသာဂုဏ်ထူး ဦး၊ ၁ ဘာသာဂုဏ်ထူး ၁၈ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၃၅ ဦး၊ ရိုးရိုး အောင်မြင်သူ ၁၁၁ ဦးရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

ကော့သောင်းမြို့နယ်တွင် ၁၇၆ ဦး အောင်မြင် 

ကော့သောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို စာစစ်ဌာန(၃)ခုတွင် ထုတ်ပြန်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၈.၁၈ ရှိကြောင်းသိရသည်။ ကော့သောင်းမြို့နယ်အနေဖြင့် အောင်မြင်သူများထဲတွင် (၄)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၃)ဘာသာဂုဏ်ထူး ၂ ဦး၊ (၂)ဘာသာ ဂုဏ်ထူး ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်   နှင့် ရိုးရိုးအောင် ၁၅၄ဦး ဖြင့် စုစုပေါင်း  ၁၇၆ ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)

မြိတ်မြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိ

မြိတ်မြို့နယ်၌ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ကြသော ဝင်ရောက်ဖြေဆိုသူ (၃၃၂၂) ဦးတွင် (၁၇၀၉) ဦး အောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း (၅၁.၄၄)ရှိသည်။ ထို့အတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ(၂၃)ဦး၌ (၁၂)ဦး အောင်မြင်ခဲ့ ကြပြီး အောင်ချက်ရာခိုင်နှုန်း (၅၂.၁၇)ရရှိခဲ့သည်။ စာမေးပွဲအောင်မြင်သူများ၌ (၅)ဘာသာ ဂုဏ်ထူးရှင်(၁၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၉)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၉၅) ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၇၈)ဦးရှိကြကာ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၄၇၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး(ပြန်/ဆက်)

ဘုတ်ပြင်းမြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း (၃၃.၃၃) ရာခိုင်နှုန်းရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာလျက်ရှိရာ ဘုတ်ပြင်းမြို့နယ်၌ (၂၁၆)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး နှစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄)ဦးနှင့် စုစုပေါင်းစာပေးပွဲအောင်မြင်သူ(၇၂)ဦး အောင်မြင်ကြပြီး အောင်ချက်ရာခိုင်နှုန်း (၃၃.၃၃) ရာခိုင်နှုန်း ဖြေဆိုမြင်အောင်ခဲ့ကြောင်း သိရသည်။ ဘုတ်ပြင်းမြို့နယ်အနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ယခင် အောင်ချက်ရာခိုင်နှုန်းထက် တိုးတက်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)