တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရုရှားဘာသာစကားအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကားအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပရာရှေးဦးစွာ သင်တန်းသား/သူများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ဘုတ်ပြင်းမြို့၌ အမက-ရွှေဘုံသာကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်   

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘုံသာရပ်ကွက်ရှိ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို   အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနာကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍ ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ယနေ့တွင်ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး (၁/၂၀၂၅) သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ  ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်များပေးအပ်၍ စုပေါင်းသစ်ပင် စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် ၂၀၂၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အ.မ.က (၆) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက မိုးရာသီသစ်ပင်များကို တပျော်တပါး စိုက်ပျိုးပေးခဲ့ကြသည်။

ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့အဏ္ဏဝါရပ်ကွက်ရှိ မဥ္ဇူသကခန်းမတွင် ကျင်းပရာအဆိုပါ အခမ်းအနားသို့ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး